စစ်ကိုင်းနှင့် ယင်းမာပင်တွင် နယ်မြေရှင်းလင်းဆောင်ရွက်ရာမှ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းနှင့် ယင်းမာပင်တွင် နယ်မြေရှင်းလင်းဆောင်ရွက်ရာမှ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



နေပြည်တော်၊ ဧပြီ ၂၅

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် ယမန်နေ့က ထုံးဘိုကျေးရွာအနောက်မြောက်ဘက်သို့အရောက် PDF အကြမ်းဖက် ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်စိန်ပြောင်း ၂ လက်၊ ဗုံးသီး ၄၀ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ Drone ၁ စီး၊ ဝါယာကြိုး ၃ ခွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးကျေးရွာဝန်းကျင်တစ်ဝိုက်နယ်မြေရှင်းလင်းစဉ် ၎င်းကျေးရွာအနောက်တောင်ဘက်သို့အရောက် PDF အကြမ်းဖက် ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်စိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ဆိုင်ကယ်မျိုးစုံ ၅ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ လားရှိးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၁ စီးဖြင့် ယူနီဖောင်းဝတ် သောင်းကျန်းသူ ၁ ဦးအား တွေ့ရှိသဖြင့် ပိတ်ဆိုဖမ်းဆီးရာ MNDAA ၊ ရင်း(၂၀၂) မှ တပ်သားအဆင့်ရှိသူ တစ်ဦးအား အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၂၀ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF/ PNLO အကြမ်းဖက်သမား ၅ လောင်း ရရှိခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်အတွင်း နယ်မြေရှင်းလင်းစဉ် လှိုင်စိမ်းရွာအရှေ့မြောက်ဘက်သို့အရောက် လူနေပျဉ်ထောင်အိမ်အတွင်းမှ လက်လုပ်သေနတ် ၁လက်၊  RPG ဒုံးသီး ၃ လုံး၊ ပို့ကျည် ၂ တောင့်၊ နင်းမိုင်း ၄ လုံး၊ အမ်(၁၆) ကျည်အိမ် ၅ ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)