ပျဉ်းမနား ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ မြင်းရတနာအနီးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ မြင်းရတနာအနီးရှိ နေအိမ်တစ်လုံးတွင် Power Bank အားသွင်းထားရာမှတစ်ဆင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သူရကျော်နှင့်အတူ တပ်ဖွဲ့ဝင် (၂၄) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦးတို့သည် မီးသတ်ရေယာဉ်(၆)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ပေးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ် (၃) လုံး မီးလောင်ကျွမ်းခဲ့ကာ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment