AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မူးယစ်ရာဇာ ထွန်းမြတ်နိုင် လူလား၊ နွားလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မူးယစ်ရာဇာ ထွန်းမြတ်နိုင် လူလား၊ နွားလား


ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ AAအကြမ်းဖက်အဖွဲ့က ၆ လအတွင်း ၁၀ မြို့နယ် သိမ်းပိုက်ထိန်းချုပ် ထားပြီလို့ ဝါဒဖြန့်ထားပါတယ်။

ရခိုင်ပြည်နယ် ထက်ဝက်ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီး တစ်ပြည်နယ်လုံးသိမ်းပိုက်ဖို့ ၈ မြို့နယ်သာကျန်တော့တယ်လို့ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်စာမျက်နှာတွေမှာလည်း ရေးသားဖော်ပြနေကြပါတယ်။

သူတို့ရဲ့ ဝါဒဖြန့် ရေးသားဖော်ပြမှုတွေမှာတော့ (အခုဆိုရင် ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့နယ်ပေါင်း ၉ မြို့နယ်အထိရှိလာပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတာကြောင့် ပြည်နယ်ရဲ့ထက်ဝက်ကျော်ကိုသိမ်းပိုက်ပြီး ၈ မြို့နယ်ပဲ ကျန်တော့တာပါ။ ဒါတောင် ဘူးသီးတောင်နဲ့ ကပ်ရပ်တည်ရှိတဲ့ မောင်တောမြို့နယ် တစ်ခုလုံးမှာ စစ်ကောင်စီတပ် ဗျူဟာ ၁ ခုနဲ့ ရဲတပ်ရင်း ၅ ရင်းပဲကျန်ပါတော့တယ်။ အဲစခန်းတွေကိုလည်း AA က ပိတ်ဆို့ဝိုင်းရံထားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မကြာခင် မောင်တောမြို့နယ်ဟာ AA သိမ်းပိုက်နထိန်းချိုပ်နိုင်ပါလိမ့်မယ်။ ဒါအပြင် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ )တည်ရှိရာ အမ်းနဲ့ သံတွဲမြို့နယ်တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။) လို့ ဆိုပါတယ်။

AA အကြမ်းဖက်အဖွဲ့က သိမ်းပိုက်နိုင်ခြင်း မရှိသေးတဲ့ မြို့နယ် ၈မြို့နယ်မှာဆိုရင် ( စစ်တွေ ၊ မောင်တော ၊ကျောက်ဖြူ ၊ အမ်း၊ မန်အောင် ၊တောင်ကုတ် ၊သံတွဲ ၊ဂွ )တို့ကို သိမ်းပိုက်ခြင်း မရှိသေးပါဘူး။

သူတို့ရဲ့ ဝါဒဖြန့် မြေပုံကို ပြန်ကြည့်ရင် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မယ့် အထဲမှာ ကျောက်ဖြူမပါတာကို တွေ့ကြရပါလိမ့်မယ်။

AA အကြမ်းဖက်အဖွဲ့က တိုက်ပွဲဖော်ဆောင်ခြင်းမရှိတဲ့ မြို့နယ်တွေထဲမှာ ကျောက်ဖြူ ကျန်ရှိနေတာကိုတော့ အထူးသတိပြုမိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျောက်ဖြူလို့ ပြောလိုက်တာနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ မြို့နယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။

ဆိုတော့ AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်ကို သိမ်းပိုက်ရရှိရေး တိုက်ခိုက်နေတာဆိုရင်တော့ ကျောက်ဖြူကိုလည်း ချန်လှပ်ထားဖို့ သင့်ပါသလား။ ဘာကြောင့် ချန်လှပ်ထားသလဲ။ တွေးစေပေါ့ဗျာ။

AA အကြမ်းဖက်အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများရဲ့ လုပ်ရပ်တွေဟာ သိပ်ကို ရုပ်ပေါက်လွန်းတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ကြတော့ ရက်စက်စွာ သတ်ဖြတ်ဖို့ ဝန်မလေးဘူး။ ခေတ်သစ် ကိုလိုနီနယ်ချဲ့တွေကိုကြတော့ တိုက်ခိုက်ဖို့ မပြောနဲ့ သူတို့ရဲ့ အကျိုးစီးပွားကိုတောင် မတို့ရဲ့ မထိရဲဘူး။

AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မူးယစ်ရာဇာ ထွန်းမြတ်နိုင် ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံပြည်သူများစွာ အတိဒုက္ခရောက်အောင် လုပ်တယ်။ သူ့ပထွေးရဲ့ အကျိုးစီးပွားကိုတော့ မှဲ့တစ်ပေါက်တောင် မစွန်းစေရဘူးဆိုတော့ လူတစ်ယောက်ရဲ့ ဆင်ခြင်တုံတရား ရှိသေးရဲ့လား။ နွားတစ်ကောင်ကဲ့သို့ ကိုယ့်တိုင်းရင်းသားပြည်သူများကို စတေးနေတာလား။ တွေးစေပေါ့ဗျာ။

ထိုနည်းတူစွာပါပဲ။ တရုတ်ကို ခြေကန် အမေရိကန်ကို အဖေပြေးခေါ်တဲ့ KIA ရဲ့ လုပ်ရပ်၊ KNU, KNLA အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ ချင်းပြည်နယ်၊ ကယားပြည်နယ်အတွင်းက အကြမ်းဖက်အဖွဲ့တွေကရော သူတို့ရဲ့ ပထွေး အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ နွားတွေ အဖြစ်နဲ့ တိုင်းရင်းသား ပြည်သူများအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာနေကြတာကို တွေ့မြင် သိရှိ သဘောပေါက်ကြစေလိုပါတယ်။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)