အစိုးရ ဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကကပြည်တို့က ပုံနှိပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရ ဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကကပြည်တို့က ပုံနှိပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြား



နေပြည်တော်၊ မေ ၁

နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင် ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်ရေးအတွက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး၊ အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခင်အစဉ်အဆက်မှစတင်၍ စာအုပ်စာစောင်များကို ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် အစိုးရ ဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကကပြည်တို့က ပုံနှိပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားထားပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဘတ်ဂျက်အသုံးပြုရသည့် ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ခြင်းအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကကပြည်မှသာ ဆောင်ရွက်ပြီး လုပ်ငန်းမနိုင်မှသာ ပြင်ပသို့အပ်နှံရန်ဟု ညွှန်ကြားမှုပြုခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါညွှန်ကြားချက်နှင့်အညီ စာအုပ်စာစောင် ရိုက်နှိပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီစာပေတိုက်အပါအဝင် ပုံနှိပ်တိုက်များတွင်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ပုံနှိပ်တိုက်များတွင်လည်းကောင်း၊ သာသနာရေးဦးစီးဌာနရှိ ကမ္ဘာအေးစာပုံနှိပ်တိုက်တွင်လည်းကောင်း လုပ်ငန်းအပ်နှံနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်နှင့် မဖြစ်မနေအခြေအနေမှသာ ပြင်ပ၌ ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်နိုင်ပါရန် ဝန်ကြီးဌာနများသို့ ထပ်ဆင့်အကြောင်းကြားထားရခြင်းဖြစ်ပါကြောင်း။

ညွှန်ကြားချက်များအပေါ်မူတည်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင် ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြခဲ့ပြီး ခွင့်ပြုသည့်အတွက် အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အပ်နှံသည့် လုပ်ငန်းများ အဆင်ပြေစေရန် မိမိတို့၏လုပ်နိုင်စွမ်းအားနှင့် Demand လိုအပ်ချက်ကို အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေဖြင့် နားလည်မှုနှင့် ညီညီညွတ်ညွတ် ပေါင်းစည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လက်ရှိအခြေအနေတွင် အစိုးရဌာနဆိုင်ရာများက ပုံနှိပ်လုပ်ငန်းအပ်နှံနေပြီး ဆောင် ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏မူဝါဒအရ ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနများအနေဖြင့် အပ်နှံရန်လျာထားမှုလုပ်ငန်းပမာဏ၊ ရိုက်နှိပ်နိုင်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ ပုံနှိပ်လုပ်ငန်းဆောင်ရွက်နေမှု၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ဆောင်ရွက်မှု၊ ပုံနှိပ်စက်များ၏ အခြေအနေ၊ ဆောင်ရွက်နိုင်မှုလုပ်ငန်းပမာဏ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပုံနှိပ်စက်များ တပ်ဆင်ထားရှိမှု၊ ပုံနှိပ်ဆောင်ရွက်သည့်စနစ်၊ ပုံနှိပ် စက်များ၏ စွမ်းအားနှင့်လုပ်ငန်း ဆောင်ရွက်နိုင်မှုပမာဏ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိ ပုံနှိပ် စက်များ၏အခြေအနေ၊ ပုံနှိပ်လုပ်ငန်းဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး အမြဲ တမ်းအတွင်းဝန်က အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)