ပြည်သူများသို့ အသိပေးကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများသို့ အသိပေးကြေညာချက်



ပြည်သူများသို့ အသိပေးကြေညာချက်

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့်လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက် အလက်များကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် UID နံပါတ်ရရှိရေးအတွက် ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး (Passport) ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် တရားဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ရပါသည်။

၃။ UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြု ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး နှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက်အလက်များအပေါ်မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ် ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကာယကံရှင်ကိုယ်တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် UID နံပါတ်ရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြပါရန်နှင့် ကြားပွဲစားများဖြင့် ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့် UID နံပါတ်ရရှိရေး အတွက် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept  မှတစ်ဆင့် ဆက်သွယ်တိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)