မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် သစ်ပင်စိုက်ကြရန် အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် သစ်ပင်စိုက်ကြရန် အသိပညာပေး ဟောပြောပွဲကျင်းပ





မန္တလေး   ၊   မေ  ၁၀


နှစ်စဉ်မိုးရာသီ သစ်ပင်စိုက်ကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ချရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝရှုမျှော်ခင်းနှင့် သန့်ရှင်းသည့် လေထုဖြစ်စေရန်၊ ဂေဟစံနစ် ဝန်ဆောင်မှုများ တိုးမြှင့်စေရန်၊ လူသားတို့ ကျန်းမာရေး အထောက်အကူဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်စိုက်ကြရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

   ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တစ်အုပ်တစ်မ စိုက်ပျိုးခြင်းမှ အစပြု၍ လမ်းဘေးဝဲယာစိုက်ပျိုးကြသည့် အလေ့အထများ၊ မိမိအိမ်ဝင်းအတွင်း စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေး အထောက်အကူရရှိနိုင်သည့် အချက်များ၊ သစ်ပင်များ ရှင်သန်စေရန် အရွယ်အလိုက် ပြုစုထိန်းသိမ်းရသည့် အချက်များ၊ ပြည်သူများ ကိုယ်တိုင် ပြုစုထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လက်တွေ့အသုံးချနိုင်သည်အထိ အသိပညာပေးရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ရေးကို ဟောပြောပါသည်။

 ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်နွဲ့ရီက သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် လေထုသန့်စင်ခြင်း၊ သစ်တော၊သစ်ပင်ဥယာဉ်များ ထူထောင်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ ကာဗွန်သန့်စင်ပေးခြင်း၊ အစိမ်းရောင် သစ်ပင်များကြောင့် စိတ်ဖိစီးမှု လျော့နည်းခြင်း၊ သစ်ပင်သည် အိမ်၏အလှကိုဖြည့်ဆည်းနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ခြင်း၊ အပူချိန်ထိန်းညှိပေးခြင်း၊ ရေလွမ်းမိုးမှုကို ထိန်းညှိပေးခြင်း၊ တောနေသတ္တဝါတွေ ရှင်သန်နေထိုင်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကြပါသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)