တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ်စောင်းတန်းများတွင် အပူရှောင်စခန်း ဖွင့်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ်စောင်းတန်းများတွင် အပူရှောင်စခန်း ဖွင့်မည်





တောင်တွင်းကြီး၊ မေ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်ပိုင်းအတွင်း မြှင့်တက်လာသည့် အပူရှိန်ကြောင့်  အပူဒဏ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများ အမြန်ဖွင့်လှစ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပူရှောင်စခန်းဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများ၊ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များ ပူးပေါင်း၍ အပူရှောင်စခန်းအမြန်ဖွင့်လှစ်ရန် အတွက် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ်စောင်းတန်းများတွင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ မီးကြိုးများ သွယ်တန်းခြင်း၊ တစ်ဦးခြင်း သက်တောင့်သက်သာ နားနေလဲလျောင်းနိုင်ရန်အတွက် ကုတင်များ ညီညာစွာ ထားရှိခြင်း၊ အပူရှောင်လာရောက်ကျသည့် ဒေသခံပြည်သူများ ထားသိုသိမ်းစည်းနိုင်ရန် ခုံများထားရှိခြင်း၊ ကျိုးပဲ့သစ်ကိုင်းများ ခုတ်ခြင်းစသည့်တို့ကို ဧပြီလ ၂၉ရက်နေ့မှ စတင်၍ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရန်နောင်စိုး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)