ကျိုင်းလပ်မြို့၌ လိုင်စင်ရ လုပ်ငန်းရှင်များအား အသားဈေးနှုန်းများ သတ်မှတ်စည်းကမ်းချက်များအတိုင်း ရောင်းချရေးနှင့် ကောက်ခံရေး အသိပေးရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းလပ်မြို့၌ လိုင်စင်ရ လုပ်ငန်းရှင်များအား အသားဈေးနှုန်းများ သတ်မှတ်စည်းကမ်းချက်များအတိုင်း ရောင်းချရေးနှင့် ကောက်ခံရေး အသိပေးရှင်းလင်း

 



ကျိုင်းလပ်  ၊  မေ  ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ စည်ပင်သာယာရေးဌာနသည် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်စီများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အသားဈေးများ ရောင်းချရေးနှင့် ကောက်ခံရေးတို့အတွက် အသိပေးရှင်းလင်းခြင်းကို ယမန်နေ့က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဦးအားထူယာက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်ရ လုပ်ငန်းရှင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်စီများအနေဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ အတည်ပြုပေးထားသော လေလံစည်းကမ်းပါ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အသားဈေးနှုန်းများ စိစစ်သတ်မှတ်ရေးအဖွဲ့မှ အတည်ပြုထားသည့် ဈေးနှုန်းများအတိုင်း အသားများကို ရောင်းချရေးနှင့် သတ်မှတ်နှုန်းထားများအတိုင်းသာ ကောက်ခံရေးတို့အတွက် လုပ်ငန်းရှင်များအား အသိပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


စန်းစန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)