ဟာသလူရွှင်တော် ဒိန်းဒေါင် က တာဝန်ယူချင်လွန်းလို့ပါ ရုပ်ရှင်ဇာတ်ကားကြီး ပေးချင်သလောက်ပေး ရောင်းချချင် ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟာသလူရွှင်တော် ဒိန်းဒေါင် က တာဝန်ယူချင်လွန်းလို့ပါ ရုပ်ရှင်ဇာတ်ကားကြီး ပေးချင်သလောက်ပေး ရောင်းချချင် ဟုဆို


ရန်ကုန်၊ မေ ၁၆

ဟာသလူရွှင်တော် ဒိန်းဒေါင်က တာဝန်ယူချင်လွန်းလို့ပါ ရုပ်ရုင်ဇာတ်ကားကြီးသည် ဆင်ဆာကြပြီးတာဖြစ်ပါ၍ ၁၄ ကြိမ်မြောက် အဆင်မပြေ ဒုက္ခရောက်နေကြသော သက်ကြီးလူရွှင်တော်ကြီးများအား ကန်တော့ရန်အတွက် ပြန်လည်ရောင်းချချင်ပါတယ် ဟု သူ၏ လူမှုကွန်ရက်မှ ကြေညာထားသည်။

ဟာသလူရွှင်တော် ဒိန်းဒေါင် က"တက်နိုင်ရင်ကူညီပေးကြပါလားခင်ဗျာ၊ ဒါရိုက်တာကိုဇော်(အာရုံဦး) မင်းသား ကျော်ရဲအောင်၊ အောင်ရဲလင်း၊ ကောင်းပြည့်၊ စိုင်းလွှမ်း၊ ဒိန်းဒေါင်၊ မင်းသမီး စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ အေးမြတ်သူ၊ နန်းဆုရတီစိုး၊ ရွှေပိုးအိမ်၊ မေပန်းချီ၊ ဝါဝါအောင်၊ သန်းသန်းစိုးနှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသော တာဝန်ယူချင်လွန်းလို့ပါ ရုပ်ရုင်ဇာတ်ကားကြီးသည် ဆင်ဆာကြပြီးတာဖြစ်ပါ၍ ၁၄ ကြိမ်မြောက် အဆင်မပြေ ဒုက္ခရောက်နေကြသော သက်ကြီးလူရွှင်တော်ကြီးများအား ကန်တော့ရန်အတွက် ပြန်လည်ရောင်းချချင်ပါတယ်ခင်ဗျာ၊ ကျနော့်ကိုယ်ပိုင်ရုပ်ရှင်ကားကြီးဖြစ်သည့်အတွက် ( မှတ်ချက် )ပေးချင်သလောက်သာပေးပါခင်ဗျာ" ဟု ရေးသား ပြောဆိုထားသည်။

ဟာသလူရွှင်တော် ဒိန်းဒေါင်သည် ဟာသပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလတွင် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသော ပြည်သူများကို ချွန်တွန်းပရဟိတအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)