ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း) ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၁၀

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ဂဟေဆက်မွမ်းမံ သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး အစီအစဉ်များကို လျာထားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။


စစ်ဆေးစဉ် သင်တန်းကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်တွင် လက်ရှိဖွင့်လှစ်နေသော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ လေအေးပေးစက် သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် ကြွေပြားကပ်သင်တန်း စသည့် သင်တန်းငါးမျိုးနှင့် ဟိုတယ်နှင့် စားသောက်ဆိုင် ဝန်ဆောင်မှု ဆိုင်ရာသင်တန်း အပါအဝင် သင်တန်းအမျိုးအစား ခြောက်မျိုးအတွက် သင်တန်းသား ၅၀၀ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်အား (၁၂) ကြိမ်ဖြင့် ဖြေဆိုသူ လုပ်သား ၃၀၈ ဦးကို စစ်ဆေးပေးရန် လျာထားကြောင်း ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယဝန်ကြီးက လူငယ်များအတွက် ကျွမ်းကျင်လုပ်သားများအဖြစ် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်း ကျောင်းပညာသင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရန် တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းပြီး သင်တန်းများ တိုးချဲ့ဖွင့်လှစ်သွားရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အလေးထားဆောင်ရွက်ရန်၊ နည်းပြဆရာများအနေဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအတတ် ပညာများကို စဉ်ဆက်မပြတ်လေ့လာကြရန်နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ရေး၊ နည်းပြများ အရည်အသွေး တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ကို မှာကြားပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)