အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ







ရန်ကုန်၊ မေ ၁၄

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄)၊ နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်၊ ၀၉ ၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ တို့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှ နေပြည်တော်၌ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းများကို အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းတက်ရောက်အောင်မြင်ပြီးသူ အစိုးရဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအား သံတမန်ရေးရာနှင့် နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်များကို ပိုမိုလေ့လာနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

ယခုဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် တန်းခွဲ နှစ်ခုဖြင့် ၁၃-၅-၂၀၂၄ ရက်မှ ၅-၇-၂၀၂၄ ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် ၀၇ ၀၀ နာရီမှ ၀၉ ၀၀ နာရီအထိ ရက်သတ္တ (၈)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ (၁၀၀) ဦးခန့် တက်ရောက်ကြမည်ဖြစ်သည်။ 

သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊  စီးပွားရေးဆိုင်ရာများ၊ အထွေထွေဗဟုသုတဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)