မိုင်းယုမြို့၌ ရင်သွေးရတနာမူကြိုကလေးငယ်များအား ဟာရဒါနတိုက်ကျွေးခြင်းနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ရင်သွေးရတနာမူကြိုကလေးငယ်များအား ဟာရဒါနတိုက်ကျွေးခြင်းနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်း




မိုင်းယု  ၊  မေ  ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အသက် (၃)နှစ်မှ (၅)နှစ်အောက်ရှိ ရင်သွေးရတနာမူကြိုကလေးငယ်များအား အာဟာရဒါနတိုက်ကျွေးခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့်စာရေးကိရိယာများ ပေးအပ်လှူုဒါန်းခြင်းကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်ရှိ ရင်သွေးရတနာမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ မူကြိုကလေးငယ်များအား အာဟာရဒါနတိုက်ကျွေးခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် စာရေးကရိယာများ ပေးအပ်လှူုဒါန်းခြင်းရာသို့ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်း၍ ယင်းကျောင်းရှိ မူကြိုကလေးငယ် ၄၅ ဦးတို့ကို အာဟာရဒါနဖြစ်သည့် ကြက်သားဆန်ပြုတ်များကို တိုက်ကျွေးခဲ့ကြပြီး စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများ ကျန်းမာသန်စွမ်းကာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းတွင်းသန့်ရှင်းသပ်ရပ်မှုများ၊ စနစ်တကျလက်ဆေးနည်းများ၊ ယင်လုံအိမ်သာသန့်ရှင်းမှုများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုများရှိ/မရှိတို့ကို စစ်ဆေး၍ အသိပညာပေးပြသပေးခြင်းများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


ကိုကိုနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)