ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၄ ခုနှစ် လူထုဖြန့် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၄ ခုနှစ် လူထုဖြန့် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင်ထားရှိ





ပေါင်      ၊      မေ     ၁၆


မွန်ပြည်နယ်၊ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန်  ကျွန်း၊ကံကော်၊စိန်ပန်းဝါ ၊ပင်လယ်ကဗွီ၊ပျဉ်းကတိုး၊မန်ဂျန်ရှား၊ယူကလစ်၊သင်္ဃန်း စသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင် ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံတောအုပ်ဦးစိုးဝင်း၏  ပြောကြားချက်အရသိရသည်။ 


ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတု ပူပြင်းလာခြင်း ၊ မိုးခေါင်ခြင်းစသော သဘာဝဘေး  ဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင်  စိုက်ပျိုး ပြုစုထိန်းသိမ်းသွားစေလိုကြောင်း ပေါင်မြို့နယ်တာဝန်ခံတောအုပ်ဦးစိုးဝင်း ၏ပြောကြားချက်အရသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)