မုဒိန်းကျင့် သတ်ဖြတ်သည့် တရားခံကို သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒိန်းကျင့် သတ်ဖြတ်သည့် တရားခံကို သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို






ပူတာအို၊ မေ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်တွင် အသက် (၁၅) နှစ်အရွယ် ရဝမ်မိန်းကလေးငယ်အား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို သေဒဏ်ပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုသည်။

မေလ (၁၀)ရက်က အသက် (၁၅)နှစ်အရွယ် မဂွန်ရိန်ဒူနော်က မိခင်ဖြစ်သူကို မုန့်ညှင်းဆီကြိတ်ရန် ဆီစက်သို့ ကူညီပို့ဆောင်ပေးပြီး အပြန် လူသွားလူလာပြတ်သည့် သက်ငယ်တောတစ်နေရာတွင် မုဒိန်းကျင့် သတ်ဖြတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း၊ ရဝမ်မိန်းကလေးငယ်သည် သက်ငယ်မုဒိမ်း အဓမ္မပြုကျင့်ခံခဲ့ရသည်သာမက ညှင်းပမ်းနှိပ်စက်ခြင်း၊ ခြေလက်အင်္ဂါများ ရိုက်ချိုးခံရခြင်းအပြင် လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ မဒူနော်၏ ဈာပနနှင့် စီတန်းလှည့်လည်မှုကို ယနေ့ နံနက် ၁၀ နာရီကစပြီး မြို့ခံ ပြည်သူတွေက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ကာ အေးချမ်းစွာဆန္ဒထုတ်ဖော်၍ မုဒိန်းကျင့် သတ်ဖြတ်သည့် တရားခံကို သေဒဏ်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဒေသခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုံခြုံရေးရယူ ကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းမိန်းကလေးငယ်ကို မုဒိန်းမှုကျူးလွန်သည့် တရားခံသည် မန္တလေးမှ ပူတာအိုမြို့သို့ စတီးသံပန်းအလုပ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရပြီး မုဒိန်းကျင့်သတ်လိုက်သည့် အမျိုးသမီးငယ်၏ ဖုန်းကို ဖုန်းဆိုင်တွင် လာရောင်းရာမှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလက်သို့ အပ်နှံထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)