ဘာသာပေါင်းစုံအဖွဲ့အား မြေကွက်များ ချထားပေးခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်၍ ရုပ်သိမ်းပေးရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာသာပေါင်းစုံအဖွဲ့အား မြေကွက်များ ချထားပေးခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်၍ ရုပ်သိမ်းပေးရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ တောင်းဆို


ရန်ကုန်၊ မေ ၅

နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့က ဘာသာပေါင်းစုံအဖွဲ့အစည်းအား ဖိတ်ကြားကာ ဘာသာရေးအဆောက်အဦးများဆောက်လုပ်ရန် မြေနေရာများချထားပေးခြင်းအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက် ကို ၂၀၂၄ခုနှစ်၊ မေလ (၄)ရက် က ထုတ်ပြန်ခဲ့ပြီး မြေကွက်များ ချထားပေးခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်၍ ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ သဘောထား ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းနေပြည်တော်ရှိ ဇဗ္ဗူသီရိခန်းမတွင် ဧပြီလ (၁၂)ရက် မနက်ပိုင်းက ဖိတ်ကြားတွေ့ဆုံခဲ့ကြောင်း၊ မည်သည့်နိုင်ငံတွင်မှ ဖွဲ့စည်းဆောင်ရွက် လုပ်ဆောင်ခြင်းမရှိသည့် ဘာသာပေါင်းစုံ အမည်တပ်ထားသော အဖွဲ့အစည်းအား တွေ့ဆုံပွဲတွင် ဘာသာရေးအဆောက်အဦးများ ဆောက်လုပ်နိုင်ရန် မြေနေရာဧကများကို တရားဝင် ချထားပေးခြင်းကို ကြားသိမြင်တွေ့ရပါကြောင်း၊ ထိုသတင်းများ ကြားလျှင်ကြားချင်းမှာပင် ရဟန်း ပညာရှိ၊ လူပညာရှိများ၏ စိတ်နှလုံး မအေးချမ်း မသာယာသည့် သတင်းစကားများ မျိုးစုံအောင် မြင်တွေ့ ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရအဆက်ဆက် လုပ်ကိုင်ဆောင်ရွက်ခဲ့ဘူးခြင်း မရှိသည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်နေသည့်အတွက် မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ(ရန်ကုန်) အနေဖြင့်လည်း များစွာ အံအားသင့်ခဲ့ရပါကြောင်း ပြောဆိုထားသည်။

လက်ရှိနိုင်ငံတော်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေခြင်း၊ ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဘာသာရေးအဆောက်အဦးနှင့် ဘုရားစေတီပုထိုးများ ဖျက်ဆီး ခံနေရခြင်း ရဟန်းသံဃာများ သတ်ဖြတ်ခံနေရခြင်းသည်  နိုင်ငံရေးအာဏာရူးမှုကိုအခြေခံ၍ ဘာသာရေး စော်ကားမှုကို အခြားဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်ခဲ့သည်မှာ ထင်ရှားပါကြောင်း၊ ၎င်းကိစ္စများ ပေါ်ပေါက်ခဲ့ခြင်းအပေါ် ဘာသာပေါင်းစုံ အမည်ခံထားသော အဖွဲ့အစည်းသည် သက်ဆိုင်ရာ ဘာသာဝင်များအလိုက် တားဆီး ဟန့်တားခြင်း၊ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်၍ သတိပေး တားမြစ်ခြင်း၊ ဘာသာတစ်ခုခြင်းစီ အလိုက် ဟန့်တားခြင်း သဘောမျိုး ထုတ်ပြန်ပြောဆိုခြင်း မရှိသည့် အတွက် ဘာသာတစ်ခုခြင်းစီ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ထိုသို့သောအဖွဲ့အစည်းမျိုး မိမိတို့နိုင်ငံအတွင်း မရှိသင့်ကြောင်း၊ မထားလည်း မထားသင့်ကြောင်း၊ ထိုသို့ သော အဖွဲ့အစည်းမျိုး မည်သည့်နိုင်ငံတွင်မှ မရှိသည့်အတွက် မိမိတို့ မြန်မာနိုင်ငံတွင်လည်း လုံးဝ(လုံးဝ) မထားရှိသင့်ပါကြောင်း ပြောဆိုထားသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ထုတ်ပြန်ချက်တွင် ဗုဒ္ဓဘာသာရဟန်းသံဃာများ ကျောင်းဆောက်ခွင့် ကျောင်းအဖြစ် အသိအမှတ်ပြုခွင့် ကျောင်းမြေနေရာ ဝယ်ယူခွင့် လျှောက်ထားသည့်အခါများတွင် လက်ရှိ နစကအစိုးရ တာဝန်ရှိသူ အဆင့်ဆင့်သည် နည်းလမ်း ပေါင်းစုံဖြင့် တားဆီးပိတ်ပင် ဖျက်ဆီး ဖြိုဖျက် လုပ်ဆောင်နေမှုများကိုလည်း များစွာမြင်တွေ့နေရပါကြောင်း၊ ထိုသို့သော အခြေအနေမျိုးတွင် နိုင်ငံတော်၏ ဝန်ကြီးချုပ်ကြီးကိုယ်တိုင်က တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံခိုင်မြဲရေးကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ဘယ်ဘာသာကိုမှ ကိုယ်စားပြု လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဘာသာပေါင်းစုံအဖွဲ့မှ လူပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မြေနေရာများ ပေးအပ်ခြင်း၊ တရားမဝင်သည့် ဘာသာရေးအဆောက်အဦးများ ဆောက် လုပ်ခွင့် ပေးမည်ဟု ပြောဆိုပေးကန်းခြင်းသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကို ပိုမိုစိုးရွားလာအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ရှုမြင်မိပါကြောင်း၊ နစကအစိုးရ၏ ဝန်ကြီးချုပ်ကြီးအနေဖြင့် ထုတ်ပြန်ပြောဆို ပေးကမ်းထားသည့် အမိန့် ကြေညာချက်များကို ပြန်လည်ရုတ်သိမ်းကာ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထု၏ သဘောဆန္ဒကို အလေးထား၍ နိုင်ငံတော်နှင့် တိုင်းရင်းသားတို့၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင် ရွက်ပေးပါရန်နှင့် ရဟန်းရှင်လူ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် တန်ဖိုးထား စောင့် ရှောက်ပေးနိုင်ပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ တည်ငြိမ်အေးချမ်းမှုကို လိုလားသော တိုင်းရင်းသား/ တိုင်း ရင်းသူ ရဟန်းရှင်လူပြည်သူပြည်သား အားလုံးကိုယ်စား တောင်းဆိုထားသည်။

အလားတူ မျိုးချစ်သမဂ္ဂ (မွန်ပြည်နယ်) မှလည်း ဘာသာပေါင်းစုံအဖွဲ့အား မြေကွက်များ ချထားပေးခဲ့ခြင်းအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထားပြီး နေပြည်တော်မှ ဆရာတော်သံဃာတော်များက ဘာသာပေါင်းစုံအဖွဲ့အား နေပြည်တော်တွင် မြေကွက်များ ချထားပေးခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်ရုပ်သိမ်းပေးရန် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)