ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေးဆိုင်ရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေးဆိုင်ရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ်




ဘားအံ  ၊  မေ ၉

ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေးဆိုင်ရာသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် ဆုရွေးချယ်ရာတွင် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ရပ်၊ အညွှန်းကိန်း (၁၇)ချက်တို့အား ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအပြင် ဆက်စပ်ဌာနဆိုင်ရာများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများက သင်ခန်းစာများ ပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမ(၄၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)