ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်၂၁နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်၂၁နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ





ရန်ကုန်        ၊  မေ     ၁၆


ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မေလ(၁၄)ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ်မှ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြပြီး ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် ဗိုလ်တထောင်ခရိုင်အသင်းနှင့် အင်းစိန်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်တထောင်ခရိုင်အသင်းက အင်းစိန်ခရိုင်အသင်းကို သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုရရှိသော ဂိုးသမားနှင့် အနောက်တန်း၊ အလယ်တန်း၊ အရှေ့တန်းတို့တွင် အကောင်းဆုံးဆုရရှိသော အားကစားသမားများအား တိုင်းဒေသကြီး ၀န်ကြီးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန်တို့က ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တတိယဆုရရှိသော လှည်းကူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကလည်း ကောင်း၊ ဒုတိယဆုရရှိသော အင်းစိန်ခရိုင်အသင်းအားတစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပထမဆုရရှိသော ဗိုလ်တထောင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါပြိုင်ပွဲသည် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် တိုင်းဒေသကြီးအတွင်းရှိ အကောင်းဆုံးအားကစားသမားများကို စိစစ်ရွေးချယ်နိုင်ရေး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ရွေးချယ်ခံရသော အကောင်းဆုံးအားကစားသမားများသည် နေပြည်တော်တွင် ဇွန်လ(၂၆)ရက်နေ့မှ ဇူလိုင်လ(၁၄)ရက်နေ့အထိ ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

      

နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)