မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ




မအူပင်  ၊  မေ  ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအား ယနေ့နံနက်(၈)နာရီအချိန်က မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပသည်။


ရှေ့ဦးစွာ မအူပင်မြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဦးအာကာဦးက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊အသိပညာဗဟုသုတပိုမိုရရှိစေရန်၊ စကားပြော အတတ်ပညာကျွမ်းကျင်ပြီး လူအများရှေ့တွင် ရဲဝင့်စွာပြောဆို ဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင်ပါဝင်တတ်စေရန်နှင့် စာပေဗဟုသုတများကြွယ်ဝ‌ပြီး အကျိုးရှိသည့်စာကောင်းပေကောင်းများဖတ်ရှုတတ်‌စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဦးစီးအရာရှိ ဦးအာကာဦးက Moderator အဖြစ်ဆောင်ရွက်၍ မြို့နယ်ပညာ‌ရေးမှူး ဒေါ်စန်းယုမော်၊ မြို့နယ်အားကစားမှူး‌ဒေါ်ဇင်မာခိုင်တို့ကဦးဆောင်၍ မခင်ဆုထိုက်၊ အ.ထ.က(၂)က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ မောင်ကျော်ဇင်သန့် အ.ထ.က(၃)က လူငယ်နှင့်အားကစား၊ မောင်‌တော်ဝဏ္ဏ အ.ထ.က(၄)က လူငယ်နှင့်မူးယစ်ဆေးဝါး၊ မောင်ရဲရင့်အောင် အ.ထ.က(၁)က လူငယ်နှင့်ပညာသင်ယူခွင့်နည်းလမ်းများ၊ မသန့်ဖြူစင် ထ(ခွဲ)အ.လ.က(၁)က လူငယ်နှင့်စာအုပ်များအကြောင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက ကဏ္ဍအလိုက် သိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ လူငယ်စကားဝိုင်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


မအူပင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)