(၁၀) ကြိမ်မြောက် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀) ကြိမ်မြောက် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲကျင်းပ



နေပြည်တော်၊ မေ ၂၆

ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့်အနာဂတ်အတွက်ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲအခမ်းအနားကို မေ ၂၁ ရက် မှ ၂၄ ရက်အထိ ကွမ်ရှီးပြည်နယ်နန်နင်းမြို့၌ကျင်းပရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ အလုပ်အမှုဆောင်နှစ်ဦးနှင့် လူငယ်ငါးဦးပါဝင်သောအဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှုဗဟုသုတများ ဖလှယ်ဆွေးနွေးခြင်း၊ နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်အဖွဲ့က နှစ်ပြည်ထောင်အကြား အစောဆုံးစတင်ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှုအနုပညာအက အစီအစဉ်များ တင်ဆက်ပြသခဲ့ကြသည်။

အာဆီယံ လူငယ်ကိုယ်စားလှယ်အဖွဲ့များကို ကွမ်ရှီးမြို့တော်နန်နင်းနှင့် စက်မှုဇုန်လှူကျို့ Liuzhou မြို့များသို့ လေ့လာရေးခရီးများ လှည့်လည်ပို့ဆောင်ပြသခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)