မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများတွင် သောက်သုံးရေနှင့် စားသောက်ကုန် အခက်အခဲဖြစ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများတွင် သောက်သုံးရေနှင့် စားသောက်ကုန် အခက်အခဲဖြစ်နေ


မြိုင်၊ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများတွင် သောက်သုံးရေးနှင့် အခြေခံစားသောက်ကုန်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ် ပြောဆိုသည်။

ပြည်သူ့စစ်ကျေးရွာများတွင် အခက်အခဲဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံက "မြိုင်မြို့နယ်အတွင်းမှာ ပြည်သူ့စစ်ကျေးရွာက အများကြီး မရှိပါဘူး။ ကျေးရွာအုပ်စု ၂စုလောက်ပဲ ရှိပါတယ်။ အခု သရက်ကန်ရွာမှာက ရေစက်ပျက်နေလို့ သောက်သုံးရေအခက်အခဲဖြစ်နေတာ ကြာပြီ။ ရွာပြင်မှာ ရေကန်ရှိတယ်ဆိုပေမယ့်လည်း ဒရုန်းနဲ့ ဗုံးသီးလာချတာ၊ ချောင်းပစ်တာမျိုးတွေ ရှိတော့ ရွာသူ/ရွာသား ရွာပြင်ထွက်ဖို့ ခက်ခဲပါတယ်။ သောက်သုံးရေ အခက်အခဲဖြစ်နေတာ ကြာပါပြီ။ ရိက္ခာကလည်း လောက်လောက်ငင မရှိဘူး။ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေလည်း ပြည်သူ့စစ် ရွာတွေဘက်ကို မရောက်ဘူး။ လမ်းကြောင်း အခြေအနေကလည်း ပစ္စည်းတစ်ခါ သွားပို့ရင် ၂ယောက်၊ ၃ယောက်လောက် ကျဆုံးရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တယ်။" ဟု ပြောသည်။

သရက်ကန်ရွာတွင် သောက်သုံးရေး အခက်အခဲ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ ရေစက်မော်တာလောင်ပြီး ရေကို ချိုးစရာမရှိကြောင်း၊ ရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့နေရာကို သောက်ရေရဖို့ လမ်းကြောင်းနဲ့ ရေသွားခပ်ရတဲ့ အခြေအနေမျိုးဖြစ်ကြောင်း ပြောသည်။

PDF အကြမ်းဖက်အဖွဲ့များမှာ ပြည်သူ့စစ်ကျေးရွာများ အနီးဝန်းကျင်တွင် လှုပ်ရှားနေပြီး နယ်မြေစိုးမိုးရေးကို ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တပ်မတော်ကို ထောက်ခံအားပေးနေသည့် ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည့် အခြေအနေကို ဆက်သွယ်ပြောဆိုခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)