မြဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက်ပေး



မြဝတီ  ၊ မေ  ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း အခြေခံပညာကျောင်းအသီးသီးတို့၌ ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း စုစုပေါင်း ၇၉ ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၃ ရက်နေ့မှစတင်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ အခြေခံပညာကျောင်းများ၌  ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခြင်းအပြင်  ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ထောက်ပံ့ပေးသည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံးအခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင် ပေးလျက်ရှိသကဲ့သို့ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ကြီးကြပ်မှုကော်မတီနာယက ဦးမြင့်ဦး(မြို့နယ်ပညာရေးမှူး-ငြိမ်း)တို့က အခြေခံပညာကျောင်းများအလိုက် ကျောင်းလာရောက်အပ်နှံသူများအား လက်ခံဆောင်ရွက်နေမှုကိုကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။


ဇာဖြူဝင်း(မြဝတီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)