ကယား၊ ကရင်၊ ရခိုင်၊ စစ်ကိုင်းတို့တွင် အကြမ်းဖက်အဖွဲ့များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယား၊ ကရင်၊ ရခိုင်၊ စစ်ကိုင်းတို့တွင် အကြမ်းဖက်အဖွဲ့များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိ



နေပြည်တော်၊ မေ ၁၈

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ယမန်နေ့က ကယားပြည်နယ် လွိင်လင်လေးဒေသ၊ ထီးစဲခါးတံတား လုံခြုံရေးအဖွဲ့အား KNDF/PNLA အကြမ်းဖက်အဖွဲ့များက Drop Bomb ၅ လုံး ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် စစ်ဆေးရုံအား KNLA အကြမ်းဖက်အဖွဲ့ တမဟ (၅) မှ Drop Bomb ၂၄ လုံး ကြဲချသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြိုနယ်အတွင်းရှိ တပ်ရင်းဌာနချုပ် ၁ ခုနှင့် ကာကင်းနေရာများအား AA အကြမ်းဖက် သောင်းကျန်းသူ ၅၀ ဦးခန့်သည် Drop Bomb ၆ လုံးကြဲချပြီး တိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ကျောက်ထပ်ရွာအား သတင်းအရ ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမား ၁၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားပြီး အကြမ်းဖက် ၆ လောင်း၊ လုပ်သေနတ် ၉ လက်၊ ကျည် ၅၀၀ ကျော်၊ လက်ပစ်ဗုံး ၆ လုံး၊ Drop Bomb ၁ လုံး၊ ယမ်းမှုန့် ၈ ပိဿာ၊ ဒီတိုနေတာ ၁၀၂ ချောင်း၊ တဲ ၃ လုံး၊ အိုင်ကွန် ၇ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ ဆန် ၂ အိတ် သိမ်းဆည်းရမိပြီး အကြမ်းဖက်သမားများ မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးနေသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုကြောင့် မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီးရှိ မသင်္ကာဖွယ်တဲ ၁ လုံးအား ဝင်ရောက်ရှင်းလင်းရာ အမျိုးသား ၁ ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရပြီး ၁၂ ဗို့ သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံးနှင့် အတူ အသေဖမ်းဆီးရမိပြီး တဲအတွင်းမှ ဆိုင်ကယ် ၁၀ စီး၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် တွင်ခုံ ဆက်စပ်ပစ္စည်းမျိုးစုံတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။


(ယမန်နေ့ ၁၇-၅-၂၀၂၄ ရက်နေ့က နယ်မြေဒေသအခြေအနေများကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)