စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အစိုးရကျောင်းပေါင်း (၄၀၇၇)ကျောင်း ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အစိုးရကျောင်းပေါင်း (၄၀၇၇)ကျောင်း ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဖြေကြား


နေပြည်တော်၊ မေ ၆

ဒေသခံများထံမှ သိရသော သတင်းများအရ ရွှေဘို၊ အရာတော်၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ်များထဲက အချို့သော ကျေးရွာများမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ NUG အကြမ်းဖက်အဖွဲ့ လက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့် NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံအဖြစ် ဖွင့်လှစ်နေတဲ့ ကျောင်းပေါင်း ဘယ်နှကျောင်း ရှိနေပါသလဲ။ စာရင်းပြုစုထားပါသလား။ ဘာကြောင့် အရေးမယူတာလဲ။ ပညာရေးဝန်ကြီးဌာန ၏ စာရင်းများအရ ယမန်နှစ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အစိုးရစာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ကျောင်းပေါင်း ဘယ်လောက်ရှိပါသလဲ ဟု မြန်မာနေရှင်နယ်ပို့စ်မှ ဆက်သွယ်မေးမြန်းသည့် အပေါ် ပညာရေးဝန်ကြီးဌာန ၏ ဖြေကြားချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အစိုးရစာသင်ကျောင်း ထက်/ လယ်/ မူ (၄၀၇၇)ကျော် ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းပေါင်း ထက်/ လယ်/ မူ ကျောင်းပေါင်း (၂၃)ရာခိုင်နှုန်းကျော် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ် က ယခုနှစ် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လမ်းညွှန်ထားသည်ဖြစ်ရာ ယခုနှစ် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ဖြေကြားထားသည်။

၂၀၂၁ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီးနောက်ပိုင်း NLD အစွန်းရောက်များသည် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး အကြမ်းဖက်လှုံ့ဆော်မှုများ၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ရာမှ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါတွင်လည်း ကျောင်းမတက်ရန် လှုံ့ဆော်ခြင်း၊ ဆရာ/ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို မိုင်းခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြပြီး PDF အကြမ်းဖက်သမားများ ခြေကုတ်ယူထားသည့် ကျေးရွာများတွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ စာသင်ကျောင်းများအဖြစ် ဖွင့်လှစ်နေသည်ကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဥပဒေနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပေ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)