ငွေဆောင်မြို့၌ ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့၌ ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပြိုင်ပွဲ ကျင်းပ




ငွေဆောင်  ၊ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အုပ်ချုပ်ရေးအဖွဲ့မှ စီစဥ်ကျင်းပသော ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပြိုင်ပွဲအား ယမန်နေ့ ညနေ ၅ နာရီက အ.ထ.က (ငွေ ဆောင်) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွန်ဆွဲပြိုင်ပွဲတွင် တစ်သင်းလျှင် (၁၀)ဦးကျ ပါဝင်ယှဉ်ပြိုင်စေပြီး ငွေဆောင်မြို့၊ အမှတ်(၁,၂,၃,၄) ရပ်ကွက်တို့မှ အမျိုးသားအသင်း ၄ သင်းက( ၄)သင်းပတ်လည် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။၎င်းလွန်ဆွဲပြိုင်ပွဲအား မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများက တစ်ခဲနက် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လွန်ဆွဲ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု တစ်ဆု ချီးမြှင့်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုရရှိသည့်အသင်းများအား ဆုတော်​ငွေများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)