ပေါင်းတည်၌ ၃၈ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ ၃၈ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုချီးမြှင့်ပွဲ ကျင်းပ




ပေါင်းတည်  ၊  မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်၉နာရီက ၂၀၂၃ခုနှစ် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ၌ အောင်မြင်ခဲ့ကြသူများအတွက် ၃၈ကြိမ်မြောက် စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ဥက္ကဋ္ဌဆရာတော်က ငါးပါးသီလနှင့်သြဝါဒကထာမိန့်ကြားသည်။ ဆက်လက်၍ မြို့နယ်ဗုဒ္ဒဘာသာယဉ်ကျေးမှုစာမေးပွဲကော်မတီဥက္ကဋ္ဌ ဆရာတော်က ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲနှင့်စပ်လျဉ်း၍ မိန့်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက ယဉ်ကျေးမှုနှင့်စပ်လျဉ်း၍ ​လျှောက်ထားသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ယဉ်ကျေးမှုစာမေးပွဲ၌ ထူးချွန်စွာစာအောင်သူ ၅၄ ဦးနှင့် အဘိဓမ္မာပထမဆင့်၌ ထူးချွန်စွာစာအောင်သူတစ်ဦး စုစုပေါင်း ၅၅ ဦးအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် ဗုဒ္ဓံသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ရွှေသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)