တန့်ယန်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် အားကစားကွင်းရှိ ပွဲကြည့်စင် အမိုးလန်ပျက်စီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တန့်ယန်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် အားကစားကွင်းရှိ ပွဲကြည့်စင် အမိုးလန်ပျက်စီး


%E1%81%81%E1%81%80

%E1%81%81%E1%81%81

%E1%81%89


တန့်ယန်း  ၊   မေ  ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးသက်လေပြင်းတိုက်ခတ်သဖြင့် မြို့နယ်အားကစားကွင်းအတွင်းရှိ ပွဲကြည့်စင် အမိုးလန်ပျက်စီးခြင်းနှင့် အမှတ် (၂) ရပ်ကွက် နောင်ဖါလမ်းရှိ လျှပ်စစ်မီးတိုင်အချို့ ကျိုးကျခြင်း၊ သစ်ပင်အချို့ လဲကျခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါအားကစားကွင်းအတွင်းရှိ ပွဲကြည့်စင် အမိုးလန်ပျက်စီးခြင်း၊ အမှတ် (၂) ရပ်ကွက် နောင်ဖါလမ်းရှိ လျှပ်စစ်မီးတိုင်အချို့ ကျိုးကျခြင်း၊ သစ်ပင်အချို့ လဲကျခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု၍ လျှပ်စစ်ဝန်ထန်းများ၊ မြို့နယ်အရန်မီးသတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


မင်းလွင်ဦး(တန့်ယန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages