ကွမ်တုံး-မကာအို ပူးပေါင်းဆောင်ရွက်ရေးနယ်မြေ ခရီးစဉ်တွင် မြန်မာကောင်စစ်ဝန်ချုပ် ပါဝင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်တုံး-မကာအို ပူးပေါင်းဆောင်ရွက်ရေးနယ်မြေ ခရီးစဉ်တွင် မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်



ဟောင်ကောင်၊ မေ ၂၉

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် သည် ၂၆-၅-၂၀၂၄ ရက်နှင့် ၂၇-၅-၂၀၂၄ ရက်များတွင် မကာအိုအထူးအုပ်ချုပ်ရေးဒေသအခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးမှ စီစဉ်သည့် ကွမ်တုံး-မကာအို ပူးပေါင်း ဆောင်ရွက်ရေး နယ်မြေခရီးစဉ်တွင် ဟောင်ကောင် နှင့် မကာအိုဒေသအခြေစိုက် အခြားကောင်စစ်ဝန်ချုပ်များနှင့်အတူ ပါဝင်ခဲ့သည်။ 

မြန်မာကောင်စစ်ဝန်ချုပ်သည် ၂၆-၅-၂၀၂၄ ရက်တွင် 2024 Hengqin Global Investment Promotion Conference သို့ တက်ရောက်ခဲ့ပြီး၊ ၂၇-၅-၂၀၂၄ ရက်တွင် သတ်မှတ်ချက်အလိုက် အဆင့်ဆင့်ခွဲခြားထားသည့် အကောက်ခွန်ဇုံများ၊ Cross Border E-commerce and Live-Streaming Base နှင့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှု စီမံကိန်းများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)