ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




ရွှေတောင် ၊  မေ  ၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ရုံးခန်းတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

    အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး ၊ လက်ရှိဖွင့်လှစ်ထားရှိသော ကျေးရွာစာကြည့်တိုက်များအား ရေရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ 

      ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်ကရွှေတောင်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိမှု၊ ကွင်းဆင်းဆောင်ရွက်မှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ရန်ပုံငွေ ရရှိရေး၊ သင့်လျော်သည့်စာကြည့်တိုက်မြေနေရာရရှိရေးနှင့် စာအုပ် စာစောင်များရရှိနိုင်ရေးတို့အား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)