ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) သို့ တက်ရောက်ရန် သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့ထားရှိသည့် နိုင်ငံ့သားကောင်းရတနာများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) သို့ တက်ရောက်ရန် သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့ထားရှိသည့် နိုင်ငံ့သားကောင်းရတနာများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး









နေပြည်တော်၊ မေ ၁၃

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


ဆက်လက်၍လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)သို့ တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ သင်တန်းကျောင်း အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)တက်ရောက်ရန်ရောက်ရှိနေသည့် နိုင်ငံ့သားကောင်းရတနာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်၍ အားပေးစကားများပြောကြားခြင်း၊  ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ သင်တန်းဖွင့်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးကြပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)