အပန်းဖြေစခန်းများမှ ပြည်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များ အတွေ့အကြုံရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပန်းဖြေစခန်းများမှ ပြည်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များ အတွေ့အကြုံရှင်းလင်း



ဘားအံ၊ မေ ၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ အပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်/မယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ လူရည်ချွန်မောင်/မယ်များက လူရည်ချွန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရွေးချယ်ခံရထားပြီးဖြစ်သော လူရည်ချွန်မောင်မယ်များအနေဖြင့်လည်း တိုင်းပြည်၏ရတနာ၊ ပြည်နယ်၏သားကောင်းသမီးမွန်များအဖြစ် ဆက်လက်ကြိုးစားပြီး စံပြလူငယ်လေးများအောင် နေထိုင်ကြိုးစားကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်/မယ်များက ခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက လူရည်ချွန်မောင်/မယ်များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ကြီးကြပ်ဆရာ၊ ဆရာမများက ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ လူရည်ချွန်မောင်မယ်များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ လူရည်ချွန်မောင်/မယ်များအား နေ့လည်စာဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)