ရွှေတောင်မြို့နယ်တွင် နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ




ရွှေတောင်  ၊ မေ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်း( ရွာဟောင်း)ကျေးရွာ ကွင်းအမှတ် ( ၄၀၈)၊ ရွာဟောင်းကွင်း ဦးပိုင်အမှတ် ( ၅၃ခ/ ၁) တောင်သူ ဦးကျော်ဌေး၏ နွေစပါး (YAR-14)(၁. ၁၇) ဧကတွင် ယနေ့နံနက်ပိုင်းက နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ)        ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ နွားမယံကျေးရွာအုပ်စု ၊ကွင်းယားကြီးကျေးရွာအုပ်စု၊ကျွဲတလင်းကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စု၊ ကွေ့မကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား    ( ၈၇) ဦးခန့်တက်ရောက်ခဲ့ကြပြီး စံကွက် ၆.၆ (၀.၀၀၁)ပတ်လည်   ရိတ်သိမ်းရာတွင် အစိုထွက်တင်း  ( ၁၄၁) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)