ရွှေတောင်မြို့နယ်အတွင်း ဆေးဝါးအတုများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဆေးဝါးအတုများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး







ရွှေတောင်  ၊  မေ   ၂၃

ရွှေတောင်မြို့နယ်အတွင်း ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ ဆေးပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ၊ ဆေးဝါးများ၏ အရည်အသွေးများ၊ ဆေးဝါးမှတ်ပုံတင်များ၊ ဆေးဝါးအတုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဦးစီးအရာရှိ  ဦးအောင်လှိုင်ဝင်း၊  ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးများကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဆေးဝါးအရောင်းဆိုင်များရှိ Prescription Only Medicine -(POM) နှင့် Over The Counter( OTC) လယ်ဂျာများ စနစ်တကျထားရှိရန်နှင့် ဆေးဝါးများ၏အရည်အသွေးများ၊ ဆေးဝါးမှတ်ပုံတင်များ၊ ဆေးဝါးအတုများအား ရှောင်တခင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)