ရွှေတောင်မြို့နယ်တွင် ပြည်မြို့ ခုတင်( ၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ပြည်မြို့ ခုတင်( ၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ

 





ရွှေတောင်  ၊ မေ  ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့်အထက ( ကျီးသဲ) ကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းက  ပြည်မြို့ ခုတင်( ၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက  ဒေသခံ ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် /ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရွှေတောင်ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီး ဒေါက်တာမီမီစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက Mobile USG ဖြင့်ကိုယ်ဝန်ဆောင်သည်နှင့် ခန္ဓာကိုယ်တွင်းရောဂါသည် စုစုပေါင်း(၇၀)ဦး၊  အထက ( ကျီးသဲ) ကျောင်းတွင် မျက်စိ ၊သွား၊အရိုးအကြော၊နား၊နှာခေါင်း၊လည်ချောင်း၊အထွေထွေအထူးကု၊သားဖွားမီးယပ်နှင့် ခွဲစိတ်ကုသမှု စုစုပေါင်း (၂၆၆)ဦးတို့အား စမ်းသပ်ကုသပေးခဲ့ရာ ရွှေတောင်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)