ပေါင် ၊ မေ ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို ယနေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံ မန်နေဂျာ ဦးယဉ်ဌေး က ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့်ကာလနှင့် အပြေအကြေပြန်လည်ပေးဆပ်ကြရေးဆွေးနွေးပြောကြားခဲ့သည်။
ပေါင်မြို့နယ်အတွင်းမှ မိုးနိုင်းရပ်ကွက်နှင့်နတ်မှော်ကျေးရွာရှိ တောင်သူ ( ၃၁ )ဦးတို့၏ စိုက်ဧက ( ၂၆၈) ဧကအတွက် ချေးငွေကျပ်( ၄၀၂) သိန်းကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။စိုက်ပျိုးစရိတ်ချေးငွေ ယူမည့်တောင်သူများအနေဖြင့် ပုံစံ ( ၇ ) မူရင်းကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲသို့အပ်နှံမှသာချေးယူခွင့်ရရှိမည်ဖြစ်ကာ တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ( ၁၀ )ဧက အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment