ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်‌‌ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်‌‌ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ






ရန်ကုန်     ၊  မေ     ၁၆


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်း အချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီ နာယက တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများနှင့် တာ၀န်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာန ဆိုင်ရာများ၊ ‌ဘောလုံးဝါသနာရှင်များ တက်‌ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။


ရှေးဦးစွာ နေ့လည်ပိုင်းအချိန်က အမျိုးသမီးဗိုလ်လုပွဲပြိုင်ပွဲအဖြစ် ကျောက်တံတားအသင်း နှင့် သင်္ဃန်းကျွန်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ (၁၁)ဂိုး ဂိုးမရှိဖြင့် ကျောက်တံတားခရိုင် အသင်းကလည်းကောင်း၊ ညနေပိုင်းအချိန်တွင် အမျိုးသားဗိုလ်လုပွဲပြိုင်ပွဲ မရမ်းကုန်းခရိုင်အသင်း နှင့် ဗိုလ်တထောင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ သုံးဂိုးနှစ်ဂိုးဖြင့် မရမ်းကုန်းခရိုင်အသင်းက လည်းကောင်း အသီးသီး အနိုင်ရဗိုလ်စွဲခဲ့ကြသည်။


အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲကိုကျင်းပရာ အမျိုးသား/အမျိုးသမီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် ဂိုးသမားအကောင်းဆုံးဆု ရရှိသူများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန်နှင့် အတွင်းရေးမှူးတို့ကလည်းကောင်း၊ အမျိုးသမီး တတိယဆုရ ကမာရွတ်ခရိုင်အသင်း၊ အမျိုးသားတတိယဆုရ မင်္ဂလာဒုံခရိုင်အသင်း၊ အမျိုးသမီး ဒုတိယဆုရ သင်္ဃန်းကျွန်းခရိုင်အသင်း၊ အမျိုးသားဒုတိယဆုရ ဗိုလ်တထောင်ခရိုင်အသင်း၊ အမျိုး သမီး ပထမဆုရ ကျောက်တံတားခရိုင်အသင်းနှင့် အမျိုးသားပထမဆုရ မရမ်းကုန်းခရိုင်အသင်း တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၀န်ကြီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီး ပထမဆုရ ကျောက်တံတားခရိုင် အသင်းနှင့် အမျိုးသားပထမဆုရ မရမ်းကုန်းခရိုင်အသင်းတို့အား ငွေသားဆုများနှင့် ဆုဖလား တို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲကို ၂၀၂၄-ခုနှစ် မေ ၇ ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပခဲ့ပြီး နေပြည်တော် တွင် ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ် အောက် အမျိုးသား‌၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ယခုပြိုင်ပွဲမှ အကောင်းဆုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်‌ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)