ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လက်ပံတန်းမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်စံပြကွက် ဓာတ်မြေဩဇာကြဲခြင်းအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လက်ပံတန်းမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်စံပြကွက် ဓာတ်မြေဩဇာကြဲခြင်းအား ကြည့်ရှုအားပေး





လက်ပံတန်း  ၊  မေ ၁၇


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါး BS-CS မျိုးစေ့ထုတ် စံပြကွက်စိုက်ခင်းအား ဓာတ်မြေဩဇာကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့သည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချမ်းသာကုန်းကျေးရွာအုပ်စု၊ ချမ်းသာကုန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်းဘေး ဦးပိုင်အမှတ် (၁၅/၃)၊ ကွင်းအမှတ် ၁၁၇၀s၊ တောင်သူ ဦး‌‌မျိုးခိုင်၏ လယ်မြေ ၃ ဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် အစေ့ချစက်ဖြင့် စိုက်ပျိုးထားသည့်ရက် ၉၀ စပါး မျိုးစေ့ထုတ်စံပြ နွေစပါးစိုက်ခင်းအား သဘာဝဓာတ်မြေဩဇာနှင့် ပုလဲဓာတ်မြေဩဇာကြဲပတ်ခြင်းနှင့် ပေါင်းရှင်းတမံနှိုးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ နွေစပါးစိုက်တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး မျိုးကောင်း မျိုးသန့်များ အထွက်နှုန်းကောင်းမွန်စွာ ထွက်ရှိနိုင်ရေး‌ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)