မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၏ အမှတ်တရသစ်ပင်စိုက်ပျိုး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၏ အမှတ်တရသစ်ပင်စိုက်ပျိုး

051-01

052

053

058

059


နေပြည်တော်၊ မေ ၁၇

 အစိမ်းရောင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် သော ခရီးသွားဧည့်သည်များ သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစေရန် ပြည်ပခရီးသွားဧည့်သည်များအား “One Tourist One Tree” အစီအစဉ်မှ တစ်ဆင့် ဆွဲဆောင်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း၌ မြန်မာ- တရုတ် ခရီးသွား မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များမှ အမှတ်တရ သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သစ်ပင်စိုက်ပျိုးနေမှုအား သွားရောက် ကြည့်ရှုအားပေးရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီး များ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း တို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ဟိုတယ်များမှတာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်တော်ကြီးများအား ယခုခရီးစဉ်၏ အမှတ်တရအဖြစ် သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်အား ထည့်သွင်းပေးထားခြင်းဖြစ် ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးများ စိုက်ပျိုးထားခဲ့သော အပင်များအား နောင်လာမည့် နှစ်များတွင် လာရောက်ကြည့်ရှုနိုင်ရေးအတွက် ထပ်မံဖိတ်ခေါ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အစိမ်းရောင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ရာတွင် အားပေးကူညီပေးစေလိုသည့် အတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဆက်လက်သွားရောက်မည့်ခရီးစဉ်များတွင် ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းစကား ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages