ရွှေဘိုမြို့ အ.ထ.က(၅)၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်း​ရေး​ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့ အ.ထ.က(၅)၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်း​ရေး​ ဆောင်ရွက်





ရွှေဘို   ၊   မေ ၁၁


စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် ပြည်သူများစိတ်​အေးချမ်းသာစွာ​နေထိုင် သွားလာနိုင်​ရေးအတွက် လူထုအကျိုးပြုလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီအချိန် အမှတ်(၅)အ​​ခြေခံပညာအထက်တန်း​ကျောင်းတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများက မြက်ပင်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း​နှင့် ရေစီး​ရေလာ​ကောင်းမွန်​ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းများကိုစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့​​ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများစု​ပေါင်းကာ ပြုလုပ်ခဲ့ကြကြောင်း၊ သန့်ရှင်း​ရေးလာ​ရောက်​ဆောင်ရွက်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့်​ ရောင်းချ​ပေးခဲ့​ကြောင်း သိရသည်။


အဆိုပါ ပြည်သူ့အကျိုးပြုစု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်ခြင်းများကို အပတ်စဥ် စ​နေ​နေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)