မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်းအခမ်းအနား(၄/၂၀၂၄) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်းအခမ်းအနား(၄/၂၀၂၄) ကျင်းပ


နေပြည်တော်၊ မေ ၄

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၄/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံ၏ E-Governance အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် E-Governance ၏ စာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများအပေါ် စိန်ခေါ်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်း/ အမှုထမ်းများ သိရှိနားလည်စေရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ E-Governance ပေါ်ပေါက်လာခြင်းဖြင့် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင် သော်လည်း စိန်ခေါ်မှုများလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်စေရန်အတွက် ကောင်းမွန်သော မဟာဗျူဟာများနှင့် အလေ့အကျင့် ကောင်းများ ပေါင်းစပ်ကျင့်သုံးသည့် အုပ်ချုပ်မှုစနစ် လိုအပ်ပါကြောင်း၊၊


အိန္ဒိယနိုင်ငံ၏ E-Governance အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် သတင်းအချက် အလက်နှင့် နည်းပညာအပေါ် အခြေခံ၍ စာရင်းစစ်ဆေးနည်းများ၊ ဌာနတွင်း ထိန်းချုပ်ကွပ်ကဲ မှုစနစ်များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်စည်းလိုက်နာမှုစနစ်များ၊ ခေတ်နှင့်လျော်ညီစွာ လိုက်နာ ကျင့်သုံးလျက်ရှိသည့် စာရင်းစစ်စံများ၊ ငွေပေးချေမှုစနစ်များထားရှိ ဆောင်ရွက်ခြင်းများကို လေ့လာ သိရှိရခြင်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် E-Governance အသွင်ကူးပြောင်းရာတွင် ဌာနတွင်း စာရင်းစစ်ကဏ္ဍနှင့် E-Governance ၏ အခန်းကဏ္ဍတို့ကို ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ အရာထမ်းများ ပိုမိုသိရှိနားလည်လာစေခြင်းဖြင့် စွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းများ မွေးထုတ်ရာတွင် များစွာအထောက်အကူပြု စေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် “Audit of E-Governance” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်ဝေဝေဖြိုးက အိန္ဒိယနိုင်ငံ၏ E-Governance ၏ စာရင်းစစ်ဆေးခြင်းနည်းလမ်းများ၊ ၎င်းစနစ်အတွင်း သုံးစွဲလျက်ရှိသော နည်းပညာများ၊ စနစ်များနှင့် လုံခြုံရေးပိုင်းဆိုင်ရာ စီမံဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် E-Goverment အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဘဏ်တွင်းစာရင်းစစ်ဆေးရေးဌာနအနေဖြင့် စာရင်းစစ်ဆေးမှုများ ဆောင်ရွက်နေမှု အခြေအနေများ ကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာထမ်း များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)