ရွှေပြည်သာမြို့နယ်၌နွေရာသီအပန်းဖြေစခန်းများမှ ပြန်လည်ရောက် ရှိလာသောလူရည်ချွန်မောင်မယ်များအား ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌နွေရာသီအပန်းဖြေစခန်းများမှ ပြန်လည်ရောက် ရှိလာသောလူရည်ချွန်မောင်မယ်များအား ကြိုဆို






ရန်ကုန်     ၊ မေ      ၇


၂၀၂၃ -၂၀၂၄ ပညာ သင်နှစ်တွင် လူရည်ချွန် အဖြစ် ရွေးချယ်ခံရပြီး လူရည်ချွန်စခန်းများမှပြန်လည်ရောက်ရှိလာသော ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူရည်ချွန် မောင်/မယ် (၅)ဦးအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါ ကျောင်း၌ ကျင်းပရာ ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းအုပ်ကြီးမိသားစုနှင့် ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ၊ မိဘများမှ အိုးစည် ဒိုးပတ်အကများ၊ ပန်းစည်းများ၊ အောင်သ ပြေပန်းများဖြင့်လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြို ဆိုခဲ့ကြသည်။

အဆိုပါ လူရည်ချွန် မောင်/မယ် (၅)ဦးတွင် Grade-9မှကျောင်းသား/သူ(၂)ဦး၊ Grade-10မှ ကျောင်းသူ(၁)ဦး၊ Grade-11 မှ ကျောင်း သား(၁)ဦး၊ Grade-12 မှ ကျောင်းသူ(၁)ဦးတို့ဖြစ်ပြီး နိုင်ငံတော်မှစီစဉ် ပေးသော အပန်းဖြေ လေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်ခဲ့သည့် ပုဂံ၊ တောင်ကြီး၊ ချောင်းသာ၊ ငွေဆောင် လူရည်ချွန်စခန်းအသီးသီးကို သွားရောက်ခဲ့ကြ သည့် လေ့လာရေးခရီး အတွေ့အကြုံများကို အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။

ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းကို ၂၀၁၂ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး၂၀၂၃ -၂၀၂၄ ပညာ သင်နှစ်အထိသုံးထပ်ကွမ်းလူရည်ချွန်(၁)ဦး၊နှစ်ထပ်ကွမ်းလူရည်ချွန်(၃)ဦး၊တစ်ထပ်ကွမ်းလူရည်ချွန်(၆)ဦး၊ အပါအဝင် လူရည်ချွန်မောင်/မယ်် (၁၀)ဦးမှ လူရည်ချွန်ဆု (၁၅)ဆု ဆွတ်ခူးရရှိခဲ့ ကြောင်း သတင်းရရှိ ပါသည်။  


နိုင်လင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)