ဗန်းမော် ၊ မေ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဗန်းမော်မြို့ (၃) မိုင် ရွှေပြည်သာရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံးတွင် ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက "လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်သူများတစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ပြည်ပမှ တင်သွင်းသော လူသုံးကုန်ပစ္စည်းများ လျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း" အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ မိုးမောက်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်လာသော သင်တန်းသူ၊ သင်တန်း သား (၂၀) ဦးအား ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ သဘာဝခေါင်း လျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော် ဆပ်ပြာရည်၊ HAND GEL စသည့်လူသုံးကုန်ပစ္စည်း (၁၀) မျိုးကို မေလ ၆ ရက်နေ့မှ မေလ ၁၀ ရက်နေ့ အထိ (၅)ရက်တာ စာတွေ့ ၃၀% နှင့် လက်တွေ့ ၇၀ % သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်းပါက ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူ (၃) ဦးအား လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment