ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး







သာယာဝတီ၊ မေ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာ၊ ကျွန်းကုန်းကွင်း၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး မြေဧရိယာ(၈၀၀)ဧက ကောင်း၊ သင့်၊ ညံ့ အပိုင်းလိုက် ခွဲခြားရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ  တစ်ဧက လျှင် အစိုတင်းပျမ်းမျှ(၁၃၅)တင်းကျော် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ ၎င်းနောက် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် တောင်သူဝင်ငွေ တိုးတက်ရရှိစေရေး ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ပဲစဉ်းငုံမျိုးသန့်စေ့များ ထောက်ပံ့ပေး အပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်း ကျေးရွာအုပ်စု၌ လက်ဆွဲကောင်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် တစ်ကွင်းတစ်ဆက်တည်း နွေစပါး ဧက(၅၀၀) သမန်းနိုးခြင်း၊ စုပေါင်းဓါတ်မြေဩဇာကြဲပတ်ခြင်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေဆုံ၍ လာမည့်ဆောင်းသီးနှံတွင် ပဲသီးနှံကြဲပတ်စနစ် ပပျောက်စေရေး ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဖက်တစ်လမ်းမှ တောင်သူဝင်ငွေ တိုးတက်စေရေး အတွက် ဒေသကြက်မွေးမြူရေးလုပ်ငန်းအား တွဲဖက်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ အိုသည်ကုန်းမြို့၊ သပြေကုန်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူလျက်ရှိသော ဦးစိုးနိုင် ၏ အသားတိုးဝက် (၁၀၀)ကောင် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသားထုတ်လုပ်မှု ဖူလုံပိုလျှံစေရေးနှင့် ဘေးကင်းလုံခြုံသော အစားအစာဖြစ်စေရေး သတ်မှတ် နည်းလမ်းများအတိုင်း စနစ်တကျမွေးမြူသွားရန်နှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကျရောက်မှုမရှိစေရေး  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ သန္ဓေကုန်းရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူလျက်ရှိသော ဦးမျိုးမျိုး၏ နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် နို့စားနွား အစားအစာထုတ်လုပ်နိုင်ရေးနှင့် ထွက်ရှိလာသည့် နွားနို့များအား ဒိန်ချဉ်ထုတ်လုပ်ခြင်းအပြင် အခြားတန်ဖိုးမြှင့် ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်သွားရန်၊ နို့ဆီနှင့် နို့စိမ်းထုတ်လုပ် နိုင်ရေးအတွက် နည်းပညာရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)