ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်၊ ရပ်စောက် - နောင်ချိုသွား ကားလမ်း၊ မကျည်းရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်း မောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

ဖမ်းဆီးရမိမူးယစ်ဆေးဝါးများသယ်ဆောင်လာသည့်ယာဉ်နှင့် ရှေ့နောက်လိုက်ပါ၍ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် မျိုးမင်းထွန်းနှင့် ကျော်သက်ဦးတို့အား NISSAN AD VAN မော်တော်ယာဉ်နှင့်လည်းကောင်း၊ အေးကျော်(ခ)ကျော်နိုင်နှင့် ဟိန်းထက်အောင် တို့အား TOYOTA PROBOX မော်တော်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ တာဝန်ခံသယ်ဆောင်သူ ကိုပြည့် (ခ) ပြည့်ဖြိုးသူ (ခ) မင်းမြတ်နိုင်နှင့် မထွယ်ဆန်အိန်တို့အား မေလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၈ စီလမ်း၊ ၅၄ x ၅၅ လမ်းကြားတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)