အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်

023

024

025

026

ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာ မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုကဲ့သို့ ကြည့်ရှုစစ်ဆေးရာတွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာ မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်း စဉ်များနှင့် ပတ်သတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ)အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ 

အဆိုပါ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ၂၀၂၄ - ခုနှစ် မေလ (၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

နိုင်လင်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages