ညောင်လေးပင်မြို့နယ်၌ လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ညောင်လေးပင်မြို့နယ်၌ လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ်

 

%E1%81%81%E1%81%84

%E1%81%81%E1%81%83

%E1%81%81%E1%81%82

ညောင်လေးပင်  ၊  မေ  ၁၀


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်တွင် မေလ(၈)ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ် အချိန်က လေဆင်နှာမောင်း တိုက်ခက်မှုကြောင့် လူနေအိမ်မျာ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁၄)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်က အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အနေဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုအလေးထား၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လေဆင်နှာမောင်းတိုက်ခက်၍ ပျက်စီးခဲ့သည့်ကျဘန်းကျေးရွာအုပ်စု ကျဘန်းကျေးရွာ၊ ဇလုပ်ကုန်းကျေးရွာ၊ အနောက်ဇီးကန်ကျေးရွာနှင့် ဝါးပတောကျေးရွာအုပ်စု ဇီးဖြူခင်ကျေးရွာ၊ အရှေ့ဇီးကန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၄၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၅၀၀၀၀)ကျပ်၊ လူဦးရေ (၁၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉၂၇၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၅၄၂၇၀၀)ကျပ်တို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိခိုင်စံတို့က လေဘေးသင့်အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages