မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



မက်မန်း ၊ မေ   ၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျားထားချက် (၇)ရွာအနက် အွန်တောင်၊ လားဟူရွာအစား ကောင်းလန်းအုပ်စု ဝမ်လုံရွာကို ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကျေးလက်ဌာနမှ ရေပိုက်များထောက်ပံ့မှု အမြန်ဆုံးရရှိဆောင်ရွက်ရန်၊ ကျေးရွာအလိုက် သောက်သုံးရေရယူထားသည့် စိမ့်စမ်းရေထွက်ရာများ၌ ရေဝင်/ရေလွှဲများဖြင့် ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သောပျိုးပင်များ စီမံဆောင်ရွက်ထားရန်၊ သစ်တောဉီးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရန်အတွက် ပျိုးပင်များပြုစုထားရန်၊ ၂၀၂၅-၂၀၂၆ စီမံကိန်းနှစ်တွင် ထောပတ်စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များဝယ်ယူရရှိနိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် အခက်အခဲများ၊ အားသားချက်၊ အားနည်းချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စောဉမ္မာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)