ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ နှစ်ပတ်လည်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ နှစ်ပတ်လည်အခမ်းအနားကျင်းပ


ရန်ကုန်၊ မေ ၁၃

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ (၁၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်ကုန်းမြေရှိ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို) ရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မော်ကျွန်းဆရာတော် တိပိဋက ဓမ္မဘဏ္ဍာ ဂါရိက ဒေါက်တာဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ပြည်နယ်/တိုင်းဒေသကြီးဥက္ကဋ္ဌများ ညှိနှိုင်း ရေးမှူး ဦးပြည်စိုးဟန်က အသင်းကြီး၏ ဆောင်ရွက်ချက်များကို လျှောက်ထားပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် YMBA အသင်းနှင့် ဆရာတော်ကြီးများအတွက် ဓမ္မသံတော်ဆင့် စာပေထုတ်ဝေသူ ဦးကျော်စွာဝင်းမိသားစုက ဓမ္မသံတော်ဆင့်စာစောင် ပေါင်းချုပ်များ၊ သာသနာဝင်စာအုပ်များနှင့် သုတ/ ရသစာအုပ်များကို လှူဒါန်းသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မော်ကျွန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသီလက္ခန္ဓာထံမှ သြဝါဒကထာနှင့် အနုမောဒနာတရားနာကြားပြီး ဗုဒ္ဓသာသနံစိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၁၉၀၆ ခုနှစ်တွင် စတည်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် ယခု ၂၀၂၄ ခုနှစ်တွင် ၁၁၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)