လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား/ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲ ဖြေဆိုစေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား/ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲ ဖြေဆိုစေလျက်ရှိ




နေပြည်တော်၊ မေ ၃

နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေလျက်ရှိသည်။

အဆိုပါ ၂၀၂၄ ခုနှစ် အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ စာစစ်ဌာန ၁၂ ခု၌ ကျင်းပလျက်ရှိရာ ဧပြီ ၂၉ ရက်တွင် မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ ဧပြီ ၃၀ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်ကို လည်းကောင်း၊ မေ ၂ ရက်တွင် သင်္ချာဘာသာရပ်ကိုလည်းကောင်း အောင်မြင်ချောမွေ့စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၇၈ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် သင်္ချာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)