ပေါင် ၊ မေ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်
ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ မွန်းလွဲ ( ၁ ) နာရီ က ပေါင်းရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ၊မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှ ကာကွယ်ရန်၊မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊လူကုန်ကူးမှု၏ဆိုးကျိုးများ၊ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းခိုင် က အရွယ်မရောက်သေးသည့်ကလေးငယ်များကို အလုပ်သမားစေခိုင်းပါက သတ်မှတ်ထားသည့်စည်းကမ်းချက်များအတိုင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။
ထို့နောက်မြို့နယ်စားသုံးသူဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးကုန်များတွင် ကုန်အညွှန်းအမှတ်အသား
ပါရှိမှသာစားသုံးသင့်ပါကြောင်း၊သက်တမ်းကုန်ဆုံးသည့်စားသောက်ကုန်စည်များကိုသတိပြုဝယ်ယူသုံးစွဲကြရန် စသည့်စားသုံးသူကာကွယ်ရေးအသိပညာပေး
အကြောင်းအရာများကိုဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment