ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ၄-၅-၂၀၂၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ရောက်ရှိပြီး ချည်များအထည်ရက်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရိုးရာရက်ကန်းစင်ဖြင့် အထည်များရက်လုပ်နေမှု၊ ဝါကြိတ်စက်များနှင့် ကုန်ချော၊ ကုန်ကြမ်းသိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စက်ရုံရှိဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့် စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်း စသည့်လုပ်ငန်းများကို စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝါဂွမ်းမှအထည်အလိပ်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်နေသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် အလေးထားစီမံဆောင်ရွက်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့်ဝါများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီးဝါဂွမ်းမှ ချည်မျှင်များ ထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးအမြတ်ရရှိမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ရန်နှင့် ထုတ်ကုန် အရည်အသွေး ကောင်းမွန်ရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့်နေရာများသတ်မှတ်၍ စစ်ဆေးဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက်လိုအပ်သော စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးရန်၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သည် ကောင်းမွန်သည့် အစဉ်အလာများရှိပြီးဖြစ်၍ စက်ရုံတိုးတက်အောင်မြင် စေရေးအတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့ရှိ ဝါကြိတ်စက်ရုံ (တောင်တွင်းကြီး)သို့ ရောက်ရှိပြီးစက်များ စမ်းသပ်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုနှစ်ဝါရာသီတွင် အပြည့်အဝကြိတ်ခွဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ လိုအပ်မည့် စက်အရန်ပစ္စည်းများကို ဝယ်ယူဖြည့်ဆည်းထားရန်နှင့် ဝါကြိတ်စက်များကို တစ်ပတ်လျှင်တစ်ကြိမ် ဝန်မဲ့စမ်းသပ်လည်ပတ်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)